★★★ မင်္ဂလာပါ သက်​ပိုင်​စိုး-နည်းပညာမှကြိုဆိုပါတယ်​ လာ​ရောက်​လည်​ပတ်​သူများရွှင်​လန်း ချမ်း​မြေ့ကြပါ​စေ အဆင်​မ​ပြေတာ လင့်​​သေ​နေတာ​တွေ့ရင်​ comment ​ရေထားခဲ့ပါ​နော်​ ။။ ★★★

Honor 6 ဖုန်းဗားရှင်း Marshmallow ကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း

Honor 6 ဖုန်းဗားရှင်း Marshmallow ကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း

Honor 6 ဖုန်းဗားရှင်း Marshmallow ကို TWRP Recovery ထည့်သွင်းပြီး
Root လုပ်နည်းကို အလိုရှိနေကြတဲ့သူတွေအတွက် Edition ကိုမျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Bootloader Unlock အရင်ဦးဆုံးပြုလုပ်ထားရပါမယ်
ပြီးတော့ Custom Recovery များကို ထည့်သွင်းရပါမယ်၊ Custom Recovery ထည့်သွင်းခြင်း
အဆင်ပြေနေပါမှ SuperSu.zip ဖိုင်ဖြင့် Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။

 မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Honor 6 အတွက်
သာသီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။

#ဗားရှင်း Marshmallow ဖြစ်ပါတယ်။


Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========
၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမယ်။

၂။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင် 
Install ပြုလုပ်ထားရပါမည်။

၃။ TWRP Recovery for Honor 6




TWRP Recovery ထည့်သွင်းနည်း
=====================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၂။ TWRP Recovery File ကိုဒေါင်းလော့ရယူလိုက်ပြီး နာမည်က
recovery.img ဖိုင်ဆိုပြီး ရှိမနေရင်တော့ recovery.img ဆိုပြီး
ပြောင်းပေးလိုက်ပါ၊ ပြီးရင်  ADB & Fastboot Folder မှာထည့်ထားပါ။


၃။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။

၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၅။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြ မပြေ စစ်ကြည့်ပါ

adb devices


၆။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်တာ အဆင်ပြေတာနဲ့
 အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

“adb reboot bootloader”


၇။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု 
အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။

fastboot devices

၈။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
 
fastboot flash recovery recovery.img
   
၉။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ
Reboot ချပေးရန်အတွက် အောက်ပါစာကြောင်းကိုရိုက်ထည့်ပါ

“fastboot reboot”


၁၀။ သင့်ဖုန်းမှာ TWRP Recovery ဖြင့်မြင်နေရရင်တော့
ဖုန်းကို Custom Recovery ထည့်သွင်းခြင်းအောင်မြင်ပါပြီ။



ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း




Download the SuperSU zipped package for Honor 6



  SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Down key + Power Key များကိုတွဲနှိပ်ပြီး
 Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။


၆။ SuperSU-update.zip အား ရွေးချယ်လိုက်ပါ


၇။ Swipe to confirm flash ဆိုတာကို ညာဘက်သို့ဆွဲလိုက်ပါ။


၈။ Flashing process ပြီးလို့ အောက်ပါပုံအတိုင်း မြင်နေရရင်တော့
သင့်ဖုန်းမှာ Supersu.zip ဖိုင်ကိုထည့်သွင်းပြီးပါပြီ။


၉။ ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ
သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။


၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



TWRP ထည့်သွင်းထားတဲ့ Android device များကို SuperSU ဖြင့် Root လုပ်နည်း 




ဇူးနစ်(နည်းပညာ)



No comments

★★★ အဆင်​မ​ပြေတာ လင့်​​သေ​နေတာ​တွေ့ရင်​ comment ​ရေထားခဲ့ပါ​နော်​ ။။ ★★★

Theme images by Radius Images. Powered by Blogger.