★★★ မင်္ဂလာပါ သက်​ပိုင်​စိုး-နည်းပညာမှကြိုဆိုပါတယ်​ လာ​ရောက်​လည်​ပတ်​သူများရွှင်​လန်း ချမ်း​မြေ့ကြပါ​စေ အဆင်​မ​ပြေတာ လင့်​​သေ​နေတာ​တွေ့ရင်​ comment ​ရေထားခဲ့ပါ​နော်​ ။။ ★★★

Samsung ဖုန်းများကို Odin ဖြင့် TWRP Recovery ထည့်သွင်းနည်း

Samsung ဖုန်းများကို Odin ဖြင့် TWRP Recovery ထည့်သွင်းနည်းကို 
ပြန်လည် Edit လုပ်ပြီး လေ့လာခါစ ညီအကိုတွေအတွက် ထပ်တင်ပေးလိုက်ပါတယ်။

Samsung ဖုန်းများကို Root လုပ်ကြတဲ့ နည်းလမ်းများစွာထဲတွင် TWRP ထည့်သွင်းပြီး
Supersu.zip ဖိုင်ဖြင့် Root လုပ်နည်းလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ်။

Custom Recovery တွေထဲမှာတော့ Samsung ဖုန်းတွေအတွက် TWRP က
အသုံးပြု ရတာ ပိုအဆင်ပြေသလို zawgyi Flashable zip အတွက်လည်း
ထည့်သွင်းရတာ အရမ်းအဆင်ပြေပါတယ်။

 ပြီးတော့ Nandroid Backp လည်း အလွယ်တကူ ပြုလုပ်ရယူနိုင်တာမို့ မိမိဖုန်းကို
Root လုပ်မယ်ဆိုရင်တော့ One click Root Tool & Apps များဖြင့် မပြုလုပ်ပဲ
TWRP ထည့်သွင်းပြီးမှ Supersu.zip ဖိုင်ဖြင့် Root access ရယူတဲ့ နည်းက
 ပိုပြီး အဆင်ပြေနိုင်ပါတယ်။

Custom Recovery Mode Option 
===================
1. Install
2. Wipe
3. Backup
4. Restore
5. Mount
6. Settings
7. Advanced
8. Reboot & Restart


Custom Recovery Mode ဖြင့်
==================
၁။ Any Flashable.zip များကိုထည့်သွင်းနိုင်ခြင်း။

၂။ ဖုန်းကို Cache & Factory Reset ပြုလုပ်နိုင်ခြင်း။

၃။ Nandroid Backup (Stock Rom Firmware) ကို ထုတ်ယူနိုင်ခြင်း။

၎။ Nandroid Backup (Stock Rom Firmware) ကို Restore ပြုလုပ်နိုင်ခြင်း။

၅။ System ပိုင်းကို Read/Write ပြောင်းလဲဖို့ Mount command
(Permission Command) အသုံးပြုနိုင်ခြင်း။

၆။ Custom Recovery Settings Option များကို ပြုပြင်နိုင်ခြင်း။

၇။ Advanced Option များကို Modify ပြုလုပ်နိုင်ခြင်း။

၈။ ဖုန်းကို Reboot ချနိုင်တယ်။



 လိုအပ်ချက်များ
=========
၁။ Samsung USB Driver for window

၂။ TWRP Recovery for Samsung Galaxy Devices

၃။ Odin Flash Tool for windows



Samsung Android USB Driver for Windows


Download the latest Odin flashing Tool



 TWRP Recovery  ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ ဒေါင်းလို့ရလာတဲ့ TWRP Recovery.zip ဖိုင်ကိုမဖြည်ပါနဲ့။

၃။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။


၎။ ဖုန်းမှ Vol down + Home + power များကို တစ်ပြိုင်တည်း တွဲနှိပ်ထားပါ၊


၅။ Warring Screen ပေါ်လာခဲ့လျှင် Volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Downloading...ဆိုပြီးမြင်နေရရင်တော့
Download Mode သို့ရောက်သွားပါပြီ။

 ၇။ ဖုန်းကို USB Cable ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်လိုက်ပါ။

၈။ Odin တွင် ID:COM နေရာတွင် အပြာရောင်လေးမြင်နေရရင်
USB Driver ပိုင်းဆိုင်ရာအတွက် အဆင်ပြေနေပါပြီ။

၉။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ပေးထားလိုက်ပါ။


၁၀။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ TWRP Recovery.tar ဖိုင်ကိုထည့်လိုက်ပါ။

 

၁၁။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၁၂။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၃။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၄။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။





ဇူးနစ်(နည်းပညာ)



www.zunite.org



မှ ကူယူ​ဖော်​ပြပါသည်


®သက်​ပိုင်​စိုး

No comments

★★★ အဆင်​မ​ပြေတာ လင့်​​သေ​နေတာ​တွေ့ရင်​ comment ​ရေထားခဲ့ပါ​နော်​ ။။ ★★★

Theme images by Radius Images. Powered by Blogger.