★★★ မင်္ဂလာပါ သက်​ပိုင်​စိုး-နည်းပညာမှကြိုဆိုပါတယ်​ လာ​ရောက်​လည်​ပတ်​သူများရွှင်​လန်း ချမ်း​မြေ့ကြပါ​စေ အဆင်​မ​ပြေတာ လင့်​​သေ​နေတာ​တွေ့ရင်​ comment ​ရေထားခဲ့ပါ​နော်​ ။။ ★★★

IPHONE အတု/အစစ် စစ်ဆေးနည်း နည်းလမ်းများ

iPhone good second ဝယ်မည့်သူများမိမိဝယ်မည့် iPhone စစ်မစစ် iTunes မလိုပဲ အကြမ်းဖျင်းအားဖြင့်စစ်ဆေးနည်း

1 - iPhone တွင် Original ပါသော Clock App လေးကိုကြည့်ပါ စက္ကန့်တံလေးသွားနေရပါမည်(သံပါတ်နာရီများကဲ့သို့)။(Clone တချို့တွင် စက္ကန့်တံလေးသွားနေသော်လည်း သံပါတ်နာရီများကဲ့သို့ ဆက်တိုက်မဟုတ်ပဲ ဓာတ်ခဲနာရီကဲ့သို့ တစ်စက္ကန့်ချင်း ရပ်လိုက်သွားလိုက်သွားပါသည်)။ ပုံ(၁) မှာကြည့်ပါ..




2 - မိမိဝယ်ယူမည့် iPhone ထဲသို့ SIM card ထည့်ပြီး
" *#5005*7672# " ကိုဖုန်းခေါ်လိုက်ပါ Message Center No ပေါ်ရပါမည်။(Clone များမှာမပေါ်ပါ) /
ပုံ(၂)က-ခ မှာကြည့်ပါ...



3 - *** iCloud (Find My iPhone) on ထားခြင်း ရှိမရှိစစ်ဆေးပါ *** iCloud ရှိမရှိစစ်ဆေးရန်အတွက်မိမိဝယ်ယူမည့် iPhone မှ imei နံပါတ်လိုအပ်ပါတယ်။

imei နံပါတ်ကို Dialer မှာ *#06# ကိုနှိပ်ပြီးကြည့်ပါ (သို့) Setting > General > About > imei ကိုကြည့်ပါ (imei နံပါတ် 15လုံးရှိပါသည်) ရရှိလာတဲ့ imei နံပါတ် 15လုံးကို ဒီလင့်လေးမှာ ရိုက်ထည့်ပါ > https://www.icloud.com/activationlock/ ပုံ(၃)က-ခ မှာကြည့်ပါ...





4 - မိမိဝယ်ယူမယ့် iPh ဟာ Official Unlocked (Sim Unlocked) (or) Sim Lockedလားသိဖို့လိုအပ်ပါတယ်...
မိမိဝယ်ယူမယ့် iPh က Sim locked ဟုတ်မဟုတ်" imei နဲ့ " ဒီလင့်မှတဆင့်စစ်ဆေးနိုင်ပါတယ် >
http://imeidata.net/iphone/unlock-check

***Official Unlocked ဆိုရင်တော့ မည်သည့်နိုင်ငံက Simcard မဆိုအသုံးပြုနိုင်ပါတယ်။

***Sim locked ဆိုရင်တော့ အဲ့ဒီ iPh ဝယ်ယူခဲ့တဲ့ နိုင်ငံက Simcard ဖြင့်သာအသုံးပြုနိုင်မှာပါ (Sim Locked ဖုန်းအလုံးတိုင်းမဟုတ်ပဲ တစ်ချို့Sim Lockedဖုန်းများကိုလည်း Gevey Sim လေးကြားခံထည့်ပြီးအခြားနိုင်ငံမှSimcard များအသုံးပြုနိုင်အောင်ပြုလုပ်နိုင်ပါတယ် (သို့) Online မှ Carrier ကိုလျော်ကြေးငွေပေးသွင်းပြီး Official Unlocked ဖြစ်သွားအောင်ပြုလုပ်နိုင်ပါတယ်) / ပုံ(၄)က-ခ မှာကြည့်ပါ...





Credit: ကိုစည်သူအောင်အာင်


No comments

★★★ အဆင်​မ​ပြေတာ လင့်​​သေ​နေတာ​တွေ့ရင်​ comment ​ရေထားခဲ့ပါ​နော်​ ။။ ★★★

Theme images by Radius Images. Powered by Blogger.